Wednesday, June 16, 2010

သန္တာမြေမှ ကွန်းခိုရာ

0 မှတ်ချက်များ
သက်ကြီးရွယ်အို
နေလည်းညိုပေါ့
ကွန်ခိုနားရာ
မရှိပါမို့
ရိပ်သာဘိုးဘွား
သဒ္ဓါအားဖြင့်
ဒို့များဝိုင်းလို့
ကူကြစို့….။

ဆို့နစ်မျက်ရည်စက်ကြားမှ ကွန်းခိုရာအစ


သန္တာမြေမှ ဖူးပွင့်သန္ဓေတည်ပေါက်ဖွားလာသည့်ဘိုးဘွားရိပ်သာ၏ အတိတ် အနာဂတ် ပစ္စုပ္ပုန် ကာလသုံးတန်အဖြစ်မှန်များအကြောင်း တစေ့တစောင်း တင်ပြရမည်ဆိုပါလျှင်…


ဤအသျှင် မြို့ချောင်းကျွန်း၊ ကပိုင်ချောင်းရွာအနီး သင်ပုန်းချောင်တောရ၌ သီတင်းသုံးနေစဉ်အခါက ကိစ္စတခုတိုင်ပင်လျှောက်ထား ရန် အကြောင်းဖန်လာသဖြင့် ငန်းကျွန်း၊ ကျောက်ငူကျွေးရွာအနီး တောရကျောင်း၌ သီတင်းသုံးနေတော်မူသော ဆရာသခင် အသျှင်မြတ်ထံပါး ကြွသွားရသည့်အခါ လမ်းပြပို့ဆောင်ပေးသည့် အသက် (၇၄)နှစ်ရှိ အဖိုးအိုမှာ တစ်ကျွန်းတည်းနေ ခြုံဆွယ်ကျေးရွာမှာ အသက် (၁၀၃)နှစ်ရှိ အစ်မဖြစ်သူကို မတွေ့မမြင်ရသည်မှာ (၂၅)နှစ်ကြာခဲ့ပြီဖြစ်၍ သွားတွေ့ချင်ပါကြောင်း လျှောက်ထားလာသဖြင့် နေဝင်ရီတရော အချိန်တွင် မြစ်ကိုကူး ချောင်းကိုဖြတ်၊ တာတမံကိုကျော်၍ ရွာကိုဝင်သောအခါ ည(၇)နာရီကျော် မောင်ရီမဲမဲ ဟိုဝင်သည်ထွက် ရွာစွန်ဖက်တွင် ကတုံးပြောင်ပြောင် တဲထောင်ထောင်၌ သက်တော် (၁၀၃)နှစ်ရှိ အဖွားအိုမှာ အဖော်မပါ တကိုယ်တည်း ကသိုဏ်းကျစရာ မြင်ကွင်း မောင်နှမနှစ်ဦးတို့၏ ကြေကွဲဖွယ်ရာ တွေ့ဆုံခန်းကို ရင်နင့်စွာမြင်တွေ့နေရသော ဤအသျှင်၏ရင်မှာ နာကျင်လာသဖြင့် ဆို့နစ်မျက်ရည်စက်များကြားမှ “ငတ်သေသည့်မသာ မရှိပါ” ဟု “ရွှေခိုင်ပြည်ဆိုထုံး ပမာသုံးသည်မပြည့်စုံတော့ပါတကား”ဟု ဆင်ခြင်တွေးတော လူ့သလောဖြင့် သန္တာမြေမှ ကွန်းခိုရာကို သန္ဓေတည်ယူလာခဲ့ပါသည်။
....................................
ဆက်လက်ဖော်ပြပါအုံးမည်။

0 မှတ်ချက်များ:

Post a Comment

Please leave any your suggestion for us.

ကျောက်ဖြူမြို့ အံ့ဖွယ်သာမော ကံ့ကော်တောဘုရားသမိုင်း ပန်းဂျီကား

Banner 468

Related Posts Plugin for WordPress, Blogger...