သက်ကြီးရွယ်အို
နေလည်းညိုပေါ့
ကွန်ခိုနားရာ
မရှိပါမို့
ရိပ်သာဘိုးဘွား
သဒ္ဓါအားဖြင့်
ဒို့များဝိုင်းလို့
ကူကြစို့….။
သန္တမြေအစ ကလျာဏမိတ္တအဖွဲ့က
မွန်တို့ဌာနီ ရာမညပြည် ဖားအောက်တောရ တရားစခနးမှအပြန် တောသို့မဝင်တော့ဘဲ ကျောက်ဖြူမြို့နယ်ဝယ် သန္ဓေတည်သည့် ဗုဒ္ဓသာသနာ့အကျိုးတော်ဆောင် ကလျာဏမိတ္တအဖွဲ့ကို ၂၉-၀၅-၁၉၉၉ ခုနှစ်တွင် ဦးဆောင်ဖွဲစည်းခဲ့ပြီး စီမံကိန်းများ လုပ်ငန်းစဉ်များ ချမှတ်ကြကာ သက်ဆိုင်များသို့ အစီအရင်ခံတင်ပြ လျှောက်ထားကြ၍ ဓမ္မမိတ်ဆွေများ၏ ဝိုင်းဝန်းကူညီ သဒ္ဓါညီစွာ ကြိုးစားကြရင်း ကျောက်ဖြူမြို့စွန် ဘူမိမှန်ကို ဝယ်ယူနိုင်ခဲ့ကြပါသည်။ အကြောင်းတဖန် အခက်ကြုံကြပြန်တော့ မိတ်ဆွေမွန်အဖွဲ့၏ မြေဝယ် ပရိယတ္တိနိကာယ်ကျောင်းတော်ကို ၁၄-၀၈-၂၀၀၀ ခုနှစ်တွင် ဆောက်လှူကြရင်း စီမံကိန်းများ ဆက်လက်ရှင်သန်နိုင်ရန် အားမွေးကြရပြန်ပါသည်။
၂၅၅၀ ပြည့် အထိမ်းအမှတ် သန္တာမြေဖွင့်ကြ
ထေရဝါဒဗုဒ္ဓသာသနာတော်သက္ကရာဇ် ၂၅၅၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓ)နေ့၊ ခရစ် ၂၀၀၆ ခုနှစ် မေလ (၁၁)ရက် ကြာသပတေးနေ့ဝယ် အစတည့်သည့် မိဖများ ခိုကိုးရာ မမေ့ကြစေရန် မိဖများ၏ ဂုဏ်ကျေးဇူးများအား အောက်မေ့တသ သတိရလျှက် ဖွင့်လှစ်ပူဇော် နွေးထွေးပျော်၍ မိသားစုပမာ ရပ်တည်ပါသော သန္တာမြေ၏ ရင်ခွင်မှာ ငတ်သေသည့်မသာ မပါရှိရန် စွမ်းဆောင်းကြရင်း (၃၁)ရက် ဒီဇင်ဘာလရောက်တိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ရပ်နီးရပ်ဝေးမှ (၇၅) နှစ်အထက် အဖိုးအဘောင်များအား ဖိတ်မံတကပြု၍ ရခိုင်ရိုးရာ အစဉ်အလာအတိုင်း သက်ကြီးပူဇော်ပွဲ အခန်းအနားကျင်းပကြခြင်း ဝါဆိုသင်္ကန်း ကိန်သင်္ကန်းများ ဆက်ကပ်ကြခြင်း၊ တန်းခူးလပြည့်ကျော်ရောက်တိုင်း အခမဲ့ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်၊ တလတရားစခန်းကို ကဆုန်လပြည့် သန္တာမြေဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့အထိ ကျင်းပကြခြင်းတို့ဖြင့် နှစ်စဉ်ကုသိုလ်ပြုကြပါသည်။
အဖိုးအဘောင်တို့၏ကျန်းမာရေး
အဖိုးအဘောင်တို့၏ကျန်းမာရေးအတွက် အိမ်သုံးဆေးဝါးများအား ကျန်းမာရေးမှူး ဦးဘဆွေ ဇနီး ဒေါ်ခင်အေး တို့၏မိသားစုမှ အဓိကလှူဒါန်း၍ အရေးပေါ်ကုသမှုများအား အထွေထွေရောဂါကု သမားတော် ဒေါက်တာ ကေသီကျော်မြ M.B.B.S, Dip Med. Sc (General Medicine) M.Med. Sc (Int: Medicine) မှ လှူဒါန်းကူညီ ကုသပေးကာ စေတာနာရှင် မိဘပြည်သူအပေါင်းက ဆေးပဒေသာပင်များ ရှူဆေး၊ လိမ်းဆေး၊ အားဆေး၊ အစာကြေးဆေးနများအခါအားလျှော်စွာ လှူဒါန်းကူညီကြပါသည်။ မျက်မမြင်အဖိုးအဘောင်များအား နယ်လှည့်မျက်စိအထူးကုဆရာဝန်များရောက်ရှိပါက နီးစပ်ရာမိတ်ဆွေများထံမှ အလှူခံ၍ ရရှိငွေအပေါ်မူတည်ကာ ခွဲစိတ်ကုသပေးကြပါသည်။
ယခုအခါ အဖိုးအိုတယောက်မှာ နှစ်ဖက်မမြင်ဘဝမှ တဖက်မြင်ဘဝသို့ ပြန်လည်ရောက်ရှိသွားပြီးဖြစ်ပါသည်။ ကျန်ရှိနေသေးသည့် မျက်မမြင်အထိုးအဘောင်များအား ဖွဲစိပ်ကုသရန် အလှူငွေများအား လိုအပ်လျှက်ရှိနေပါသေးသည်။
အဖိုးအဘောင်တို့၏စားဝတ်နေရေး
သန္တာမြေ၏ပုံမှန်အစားအစာများမှာ နံနက်စာ (နွေရာသီတွင် စုပေါင်းအလှူခံရရှိထားသော ဆန်များအကုန်မီအထိ) တမင်းကြော်၊ (ထိုဆန်များကုန်သွားပါလျှင်) ဆန်ပြုတ်ကျွေးမွေးပြီး နေ့လည်စာမှာ လစဉ်နေ့လည်ဆွမ်းတထပ်(၃၀၀၀)ကျပ်နှုန်း လှူဒါန်းထားကြသော အလှူရှင်များအား ကောင်းမှုဖြင့် (၃၀၀၀)ကျပ်ဖိုး ဈေးဝယ်၍ စုပေါင်းချက်ပြုတ်စားသောက်ကြပါသည်။ လိုအပ်ချက်များအား ရိပ်သာရံပုံငွေနှင့် ရိပ်သာစိုက်ပျိုးခင်းများမှ ဖြည့်စွက်ပေးပါသည်။ ညနေစာကို အသားငါးအကျွေးနိုင်ဘဲ ဟင်းသီးဟင်းရွက် သက်သက်ဖြင့် တယောက်တခါပြင် စနစ်သာကျွေးနိုင်ပါသေးသည်။ ယခင်က ညနေဇာ မကျွေးနိုင်ခဲ့ပါ။
၆-၉-၂၀၀၈ ခုနှစ်မှ စတင်ကာ AGS အအေးခန်းစက်ရုံမှုခေါင်းဆောင်၍ မြို့ပေါ်မှ လုပ်ငန်းရှင်(၉) ဦးတို့၏ စုပေါင်းအလှူကို ဆန်(၅)အိတ်ဖြင့် တယောက်တခါပြင်စနစ်ဖြင့် ကျွေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဟင်းစရိတ်အား လစဉ် ရိပ်သာရံပုံငွေမှ စိုက်ထုတ်ကျွေးမွေးနေရ၍ ညနေစာ ဟင်းစရိတ်အလှူရှင်များ လိုအပ်လျှက်ရှပါသည်။ ပုံမှန်ချက်ပြုတ်ရသည့် ဆန်အရေအတွက်မှာ တရက်လျှင် နို့ဆီ(၈၅)လုံးဖြစ်ပြီး၊ လစဉ်ဆန်(၁၀)အိတ်ခန့်ဝယ်ယူနေရပါသေးသည်။ ဆွမ်းပဒေသာပင်များ စိုက်ထူးကူညီမည့် စေတနာရှင်များ ပေါ်ထွန်းပါစေသတည်း။
အဖိုးအဘောင်တို့အတွက် အဝတ်အစားများအား စေတနာရှင်များစုပေါင်း၍ အခါအားလျှော်စွာ လှူဒါန်းကြသော အဝတ်အစားများ၊ ကွယ်လွန်သူများ၏ ကျန်ရစ်ခဲ့သည့် အဝတ်အစားလှူဒါန်းမှုများဖြင့် လည်ပတ်လျှက်ရှိပါသည်။
...............
ဆက်လက်ဖော်ပြပါအုံးမည်။
Thursday, June 17, 2010
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment
Please leave any your suggestion for us.