Sunday, December 4, 2011

ဗုဒ္ဓစကား

0 မှတ်ချက်များ
ဗုဒ္ဓစကား
                  မြင်းမူ မောင်နိုင်မိုး


သူတစ်ထူး၏
ကျေးဇူးရှိလျှက်၊ ကျေးဇူးဖျက်ကာ
အမျက်ကြီးမောက်၊ မီးသို့တောက်၍
ကောက်ကွေ့စာဂ၊ မာန်မာနနှင့်
ဝါဒအယူဖျက်ဆီးသူ။
သူယုတ်မာဟုခေါ်ထိုက်သူ။

သူ့မယား၌
ပြစ်မှားလွန်ကျူး၊ ရမ္မက်ဆူးတို့
စူးရှသွေးဆူ မွတ်သိမ့်မူ။
သူယုတ်မာဟု ခေါ်ထိုက်သူ။

အမိအဖ ယောက္ခမနှင့်
နှမ အစ်ကို၊ စသည်ကိုလျှင်
ဆဲဆိုရိုက်ခတ်၊ ညှည်းဆဲတတ်လျက်
လေးမြတ်အယူ မရှိမူ။
သူယုတ်မာဟု ခေါ်ထိုက်သူ။

မိမိကိုယ်ကို
မြှောက်ဆိုချီးပ၊ မော်ကြွားလှလည်း
နှိမ့်ချပြစ်မှား၊ သူတစ်ပါးအား
စော်ကားငြူစူ ကဲ့ရဲ့မူ။
သူယုတ်မာဟု ခေါ်ထိုက်သူ။

အိုကြီးအိုမ၊ မိနှင့်ဖကို
တုတ်ကွလုပ်ကျွေး၊ အခွင့်ပေးလည်း
လုပ်ကျွေးသမှု၊ ဘယ်မပြုဘဲ
ဥက္ခောပြု နေစိမ့်မူ။
သူယုတ်မာဟု ခေါ်ထိုက်သူ။

အမျိုးဇာတ်ကြောင့်
သူမြတ်ပိုင်ပိုင်၊ မဖြစ်နိုင်တည့်။
အမျိုးဇာတ်ကြောင့်
ဂုဏ်ဒြပ်နုချာ၊ သူယုတ်မာဟု
သေချဒိဋ္ဌိ၊ ဆိုမရတည့်။

လောကကမ္ဘာ၊ လူတို့ရွာဝယ်
သူငါရှေးရှု၊ ပြုသောမှုကြောင့်
လူ့ဂုဏ်'ယုတ်' 'မြတ်'၊ ဖြစ်တည်အပ်ဟု
သိမှတ်သင့်ကြောင့်၊ ဆိုးအကောင်းကို
လမ်းကောင်းလွှန်ပြ၊ မိန့်မြွက်သည်
ဗုဒ္ဓစကား ထိုတရား။ ။
..............
(သုတ္တနိပါတ၊ ပါဠိတော် ဥရဂဝဂ်)...မှ

ငွေတာရီမဂ္ဂဇင်း (၁၉၉၁-မေ)

0 မှတ်ချက်များ:

Post a Comment

Please leave any your suggestion for us.

ကျောက်ဖြူမြို့ အံ့ဖွယ်သာမော ကံ့ကော်တောဘုရားသမိုင်း ပန်းဂျီကား

Banner 468

Related Posts Plugin for WordPress, Blogger...