Saturday, February 18, 2012

ပါရမီရှင်များ လှူဒါန်းကူညီနိုင်ပါဖို့ရန်

0 မှတ်ချက်များ
သန္တာမြီ အဖိုးအဘောင် ဓမ္မရိပ်သာ
သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
(ဆဌမအကြိမ်မြောက်) ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် ၊ ၁-လ တရားစခန်း( အခမဲ့ပွဲတော်)

ပါရမီရှင်များ ပါဝင်လှူဒါန်း ကူညီနိုင်ပါဖို့ရန် တိုက်တွန်းနှိုးဆော်ခြင်း
...
၁၃၇၃ ခုနှစ်၊ တန်းခူးလဆန်း(၁၀)ရက်၊ ၂၀၁၂ ခုနှစ် ၊ ဧပြီလ (၁)ရက် မှ ၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း(၁၀)ရက်၊ ၂၀၁၂ ခုနှစ် ၊ ဧပြီလ (၃၀)ရက် ထိ
၁-လ တိုင်တိုင် ကျင်းပပြုလုပ်ပီးကမြဲဖြစ်တေ (အခမဲ့ပွဲတော်) ဆိုစွာ မဟိဆင်းရဲ ၊ ရှင်မပြုနိုင်၊ ရဟန်းမခံဖူးကတ်၊သီလရှင်မ၀တ်ဖူးကတ်၊တရားမထိုင်ဖူးကတ်တေ ပါရမီရှင်တိကို စေတနာရှင်တိ စုပေါင်း ပါဝင်ကူညီပနာ နှစ်စဉ်ကျင်းပပြုလုပ်ကတ်တေပွဲတော် ဖြစ်ပါလို့ တစ်နှစ်ထက်တစ်နှစ်
လူဦးရေများလာ ၊ ကုန်ဈီးနှုန်းတက်လာရေခါ အင်တာနက်မာတက်ဘယာ အလှူခံ ၊ အကူအညီတောင်းခံရခြင်းဖြစ်ပါရေ ။

စေတနာရှင်တိ ပါရမီဖြည့်စီချင်ရေ လိုအပ်ချက်တိ
၁။ ရဟန်း(၁)ပါး သင်္ကန်း ပရိက္ခရာ အစုံ ၂၀၀၀၀/- ကျပ်
၂။ ရှင်(၁)ပါး သင်္ကန်း ပရိက္ခရာ အစုံ ၁၅၀၀၀/- ကျပ်
၃။ သီလရှင်(၁)ပါး သင်္ကန်း ပရိက္ခရာ အစုံ ၁၀၀၀၀/- ကျပ်
၎။ နေ့လည်ဆွမ်း(၁)ထပ် ၅၀၀၀၀/- ကျပ်
၅။ အရုဏ်ဆွမ်း(၁)ထပ် ၃၀၀၀၀/- ကျပ်
၆။ အချိုပွဲ(၁)ထပ် ၁၀၀၀၀/- ကျပ်
ဆွမ်းအလှူရှင်တိအနေနဲ့ အမှတ်တရ ရက်တိ မထပ်ရလီယောင် လှူချင်ရေရက်တိကို ကြိုတင်စာရင်းပီးသွင်းကတ်စီချင်ပါရေ ......
ရဟန်းခံ/ ရှင်ဝတ်/သီလရှင်ဝတ်ချင်ရေ ပါရမီရှင်တိ အနေနဲ့လည်း လိုအပ်တေ စာပေတိ သင်ထားရဖို့ ဖြစ်တေအတွက် ကြိုတင်စာရင်းပီးသွင်းကတ်စီချင်ပါရေ
ရဟန်းဒကာ/ရှင်ဒကာ/သီလရှင်ဒကာ ခံဘယာ ပါရမီကုသိုလ် ပြုချင်ကတ်တေ စေတနာရှင်တိကိုလည်း အလေးအမြတ် ဖိတ်မန္တကပြုအပ်ပါရေ ....

ဆက်သွယ်လှူဒါန်း ကူညီနိုင်ရန် လိပ်စာ
အုပ်ချုပ်ရေးမှူး ( ဥုးပဇင်း )
သန္တာမြီ အဖိုးအဘောင်ဓမ္မရိပ်သာ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
တိုးချဲ့(၅)လမ်း၊ တိုးချဲ့ရပ်ကွက် ကျောက်ဖြူမြို့၊ ရခိုင်ပြည်
HP: +95 (0)949650228,C/O;+95 013332180
E-mail;coralland2010@gmail.com 
Facebook:Coralland /Saydanarshin /Coralland clmes
www.coralland2006.blogspot.com 


--

0 မှတ်ချက်များ:

Post a Comment

Please leave any your suggestion for us.

ကျောက်ဖြူမြို့ အံ့ဖွယ်သာမော ကံ့ကော်တောဘုရားသမိုင်း ပန်းဂျီကား

Banner 468

Related Posts Plugin for WordPress, Blogger...